သားသမီး ၃ မ်ိဳး

[Zawgyi]
သားသမီး ၃ မ်ိုး ....

◾️အေႂကြးလာဆပ္တဲ့ သားသမီးနဲ႔
အေႂကြးလာေတာင္းတဲ့ သားသမီးဆိုၿပီး
ႏွစ္မ်ိဳးရိွပါတယ္..

◾️အေႂကြးလာဆပ္တဲ့ သားသမီးကေတာ့
သူတတ္တဲ့ပညာေတြနဲ႔ မိဘေတြကို
ပညာတတ္ရင္လည္း ပညာနဲ႔
ပညာမတတ္ရင္လည္း ခြန္အားနဲ႔
လုပ္ေႂကြးျပဳစုမယ့္ သားသမီးမ်ိဳးေပါ့..

◾️အေႂကြးလာေတာင္းတဲ့ သားသမီးကေတာ့
မိဘစိတ္ဆင္းရဲေအာင္လုပ္မယ္ ဂ်ီတိုက္မယ္
မေသခင္ အေမြေတာင္းမယ္ စတဲ့ စိတ္ဆင္းရေအာင္​ လုပ္မယ္ အ႐ွက္ေပးမယ္ ..
အႏၲရာယ္ေပးမယ့္ သားသမီးမ်ိဳးေပါ့...

◾️ဘုရားေဟာစကားေတာ္အရကေတာ့
အတိဇာတသား , အႏုဇာတသား , အဝဇာတသား
ဆိုၿပီး သံုးမ်ိဳးရိွတာေပါ့..
◾️အတိဇာတသားဆိုတာက
မိဘထက္အလြန္ ကိုယ္က်င့္သိကၡာက
အစသာသြားတာ၊ဥပမာ ဘုန္းႀကီး ရဟန္း
အျဖစ္နဲ႔ မိဘကို လုပ္ေကြၽးျပဳစုတဲ့သားမ်ိဳး ၊
သားေကာင္းသားျမတ္မ်ိဳးေပါ့..

◾️အႏုဇာတသား ဆိုတာက
မိဘနဲ႔ ကိုယ္က်င့္သိကၡာတူ မိဘကို
လုပ္ေကြၽးျပဳစု ေကြၽးေမြးေစာင့္ေရွာက္တဲ့
သားသမီးမ်ိဳးေပါ့
◾️အဲ့ဒီ ၂ႏွစ္မ်ိဳးက သားေကာင္း
သမီးေကာင္းေတြေပါ့
အထက္မွာေျပာထားသလို
အေႂကြးဆပ္မယ့္ သားသမီးမ်ိဳးေပါ့...

◾️အဝဇာတသားကေတာ့
မိဘထက္ယုတ္ညံတဲ့ သာသမီးမ်ိဳး
အေႂကြးေတာင္းလာတဲ့ သားမ်ိဳးေပါ့
မိဘကို ဒုကၡေပးဖို႔ သက္သက္ ျဖစ္လာတဲ့
သားမ်ိဳး ေမြးလာလို႔သာခ်စ္ျမတ္ႏိုးရေပမယ့္
ဒီသားသမီးမ်ိဳးကိုေတာ့ ဘယ္မိဘမွ
မလိုလားတဲ့ သားသမီးမ်ိဳးေပါ့
◾️ဒီသားသမီးမ်ိဳးက် အထက္မွာေျပာထားသလို
အေႂကြးလာေတာင္းတဲ့ သားသမီးမ်ိဳးေပါ့
◾️ဒါေပမယ့္ မိဘဆိုတာက
ဘယ္သားသမီးကိုမဆို
ဆိုးရင္လည္းဂ႐ုဏာနဲ႔ ခ်စ္တာပါပဲ
◾️ေကာင္းတဲ့သားသမီးကိုလည္း
လိမၼာလို႔ခ်စ္ရတာပါပဲ
ခြဲျခားတာမ်ိဳးေတာ့မရိွဘူးေပါ့
◾️တကယ္လိုလားတာက
အတိဇာတ သားသမီးမ်ိဳးသာ
မိဘတိုင္း လိုလားၾကပါတယ္
◾️ဒါေၾကာင့္မို႔လို႔ သားသမီးေတြ အေနနဲ႔
အတိဇာတ သားသမီးမ်ိဳးထိ
မျဖစ္ႏိုင္ေတာင္ အႏုဇာတ သားသမီး
​ေလာက္ေတာ့ ျဖစ္ေအာင္ မိဘကို
​ေကြၽးေမြးေစာင့္ေ႐ွာက္ႏိုင္တဲ့
သားသမီးမ်ားျဖစ္ေအာင္
ႀကိဳးစားႏိုင္ၾကပါေစ....
* သားသမီး​ေကာင္​းမ်ားျဖစ္​လို႔
မိဘကို အသက္​​ေပးလို႔
ကာကြယ္​ႏိူင္ ပါေစ....

ဗဟုသုတ မ်ေဝပါသည္..

ေလးစားလ်က္...Dar Li

[Unicode]
သားသမီး ၃ မျိုး ....

◾️အကြွေးလာဆပ်တဲ့ သားသမီးနဲ့
အကြွေးလာတောင်းတဲ့ သားသမီးဆိုပြီး
နှစ်မျိုးရှိပါတယ်..

◾️အကြွေးလာဆပ်တဲ့ သားသမီးကတော့
သူတတ်တဲ့ပညာတွေနဲ့ မိဘတွေကို
ပညာတတ်ရင်လည်း ပညာနဲ့
ပညာမတတ်ရင်လည်း ခွန်အားနဲ့
လုပ်ကြွေးပြုစုမယ့် သားသမီးမျိုးပေါ့..

◾️အကြွေးလာတောင်းတဲ့ သားသမီးကတော့
မိဘစိတ်ဆင်းရဲအောင်လုပ်မယ် ဂျီတိုက်မယ်
မသေခင် အမွေတောင်းမယ် စတဲ့ စိတ်ဆင်းရအောင် လုပ်မယ် အရှက်ပေးမယ် ..
အန္တရာယ်ပေးမယ့် သားသမီးမျိုးပေါ့...

◾️ဘုရားဟောစကားတော်အရကတော့
အတိဇာတသား , အနုဇာတသား , အဝဇာတသား
ဆိုပြီး သုံးမျိုးရှိတာပေါ့..
◾️အတိဇာတသားဆိုတာက
မိဘထက်အလွန် ကိုယ်ကျင့်သိက္ခာက
အစသာသွားတာ၊ဥပမာ ဘုန်းကြီး ရဟန်း
အဖြစ်နဲ့ မိဘကို လုပ်ကျွေးပြုစုတဲ့သားမျိုး ၊
သားကောင်းသားမြတ်မျိုးပေါ့..

◾️အနုဇာတသား ဆိုတာက
မိဘနဲ့ ကိုယ်ကျင့်သိက္ခာတူ မိဘကို
လုပ်ကျွေးပြုစု ကျွေးမွေးစောင့်ရှောက်တဲ့
သားသမီးမျိုးပေါ့
◾️အဲ့ဒီ ၂နှစ်မျိုးက သားကောင်း
သမီးကောင်းတွေပေါ့
အထက်မှာပြောထားသလို
အကြွေးဆပ်မယ့် သားသမီးမျိုးပေါ့...

◾️အဝဇာတသားကတော့
မိဘထက်ယုတ်ညံတဲ့ သာသမီးမျိုး
အကြွေးတောင်းလာတဲ့ သားမျိုးပေါ့
မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့
သားမျိုး မွေးလာလို့သာချစ်မြတ်နိုးရပေမယ့်
ဒီသားသမီးမျိုးကိုတော့ ဘယ်မိဘမှ
မလိုလားတဲ့ သားသမီးမျိုးပေါ့
◾️ဒီသားသမီးမျိုးကျ အထက်မှာပြောထားသလို
အကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့
◾️ဒါပေမယ့် မိဘဆိုတာက
ဘယ်သားသမီးကိုမဆို
ဆိုးရင်လည်းဂရုဏာနဲ့ ချစ်တာပါပဲ
◾️ကောင်းတဲ့သားသမီးကိုလည်း
လိမ္မာလို့ချစ်ရတာပါပဲ
ခွဲခြားတာမျိုးတော့မရှိဘူးပေါ့
◾️တကယ်လိုလားတာက
အတိဇာတ သားသမီးမျိုးသာ
မိဘတိုင်း လိုလားကြပါတယ်
◾️ဒါကြောင့်မို့လို့ သားသမီးတွေ အနေနဲ့
အတိဇာတ သားသမီးမျိုးထိ
မဖြစ်နိုင်တောင် အနုဇာတ သားသမီး
လောက်တော့ ဖြစ်အောင် မိဘကို
ကျွေးမွေးစောင့်ရှောက်နိုင်တဲ့
သားသမီးများဖြစ်အောင်
ကြိုးစားနိုင်ကြပါစေ....
* သားသမီးကောင်းများဖြစ်လို့
မိဘကို အသက်ပေးလို့
ကာကွယ်နိူင် ပါစေ....

ဗဟုသုတ မျဝေပါသည်..

လေးစားလျက်...Dar Li



Comments

Popular posts from this blog